ကေ့ာကရိတ် စက်တင်ဘာ ၁၅
ကေ့ာကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ အေးစေတီဓမ္မာရုံ၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
နိုင်ငံသားတိုင်းရယူပိုင်ဆိုင်သင့်သည် နိုင်ငံသားအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး၊ လာမည့်ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျုံဒိုးမြို့တွင်းပြည်သူများအား လိုအပ်သောသက်သေခံအထောက်အထားစာရွက်စာတမ်းများစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုအခြေအနေတိုကို ကေ့ာကရိတ်ခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးတို့မှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်