ကရသူရိ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ကျင့်သုံးရေးနှင့် ယာဥ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးမှုကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ ဆက်လက်စစ်ဆေး ဆောင်ရွက်သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင် ဦးစီး၍ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယာဥ်မောင်း လိုင်စင်၊ ယာဥ်လိုင်စင်၊ ဆိုင်ကယ်ဦးထုတ်၊ ခါးပတ်ကြိုး၊ ယာဥ်ဘတ်မှန်နှင့် ယာဥ်ကြံ့ခိုင်မှုစသည့် သတ်မှတ်ထားသည့် အချက်များစစ်ဆေးဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ယာဥ်တိုက်မှုလျော့နည်းစေရေး၊ အသက်အန္တရာယ်ထိခိုက်မှု နည်းပါးရေးနှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာကျင့်သုံးနိုင်ရေးအတွက် စက်တာဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့အထိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)