သံတောင်ကြီး စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို သံတောင်ကြီး စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးမှအမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်မားရေး ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါး၏ဆိုး ကျိုးများကို ရှင်းလင်းဆွေးနွေးဟောပြောပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်ဆုံးရှုံးခြင်းများအား ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ကျောင်းသူ၊ ကျောင်းသားများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နော်နော်မူ