ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ  ၁၅

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်တင်ဘာ ၁၃ ရက်က ပြိုင်ပွဲများ  ဆောင်ရွက်သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်သူ့စာကြည့်တိုက်၌ ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့  ဆောင်ရွက်သည်

ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများ ဆေင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များ အနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦး ကောင်း‌သောယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်း လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များ အား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။  

နော်ခူး(ပြန်/ဆက်)