လပွတ္တာခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

လပွတ္တာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင် ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်  (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးစီး၍ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ အိမ်ထောင်သည်မိသားစုဝင်‌ရဲမေများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်သို့ စုပေါင်းသွေးလှူဒါန်းရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်ငြိမ်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)