(၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကသာခရိုင်ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ကသာ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၆၁) နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကသာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တိုးချဲ့နှစ်ထပ်ဆောင်၌ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့်တပ်ဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် အရာရှိ၊ အရာခံနှင့်တပ်ဖွဲ့ဝင်များအား အိုဗာတင်းနှင့် ကြက်ဥ(၁၀)လုံးပါတစ်ကဒ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)