စလင်း စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်းဆောင်သစ်၊ (၁)ထပ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက၊ ကွင်းဆင်းကြည့်ရှုခဲ့ရာ ၃၅% ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ကျုံးကျေးရွာ၊ မူလွန်ကျောင်းအား ယခင် ၆၄×၂၄ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဥ်ခင်း (၁)ထပ်ကျောင်းမှ အဆိုပါကျေးရွာမူလွန်ကျောင်းမှ၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပညာကောင်းမွန်စွာသင်ကြားနိုင်ရေး၊ မူလွန်ကျောင်းမှသည် ပညာတတ်မြောက်ထူးချွန်သော၊ လူတော်လူကောင်းများ၊ မွေးထုတ်ပေးနိုင်စေရန်နှင့် စိတ်အေးချမ်းသာစွာ၊ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်၊ တိုင်းဒေသကြီး ရံပုံငွေဖြင့် ၂၀၂၅ ခုနှစ်ဇူလိုင်လအတွင်းမှ၊ စတင်ဆောင်ရွက်ခဲ့ရာ အမျိုးအစားမှာ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ Rcc(၁)ထပ်ကျောင်းဆောင်ဖြစ်ပြီး တိုင်းဒေသကြီး၊ ရံပုံငွေ(၃၀၆) သိန်းကျပ်၊ အကုန်အကျခံကာ(မြို့စလင်းထွန်းကုမ္ပဏီမှ) တင်ဒါအောင်မြင်ပြီး တာဝန်ယူဆောက်လုပ်ခဲ့သည်။
ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့အထိ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်၊၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ဆင်ကျုံးကျေးရွာအုပ်စုရှိ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကို ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်၊ ကျေးရွာပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီ အကျိုးတော်ဆောင်များ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကြမှသာလျှင်၊ ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ၊ တာဝန်ရှိသူများမှ ဟောပြောဆွေးနွေးခဲ့ကာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု(၃၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်လွင်(စလင်း)