ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ (၁၃) ရက်၊ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အတွင်းရှိ လူနေအိမ်များ မီးသုံးစွဲမှုအခြေအနေ၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းမှု စနစ်တကျရှိရေး၊ မီးသတ်ဆေးဗူးထားရှိရေးနှင့် စနစ်တကျ သုံးစွဲတတ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)