မင်းဘူး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင် လျှောက်ထားလာမှုများ၊ လုပ်ကွက်အတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အခွန်(၄)မျိုး လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်ဖြစ်သော (အုတ်၊ သဲ၊ ကျောက်၊ ကျောက် စရစ်) လုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်နေပြီး ထပ်မံလျှောက်ထားလာမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီကိုက်ညီမှု ရှိ/မရှိ၊ သတ်မှတ်လိုင်စင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလုပ်ကွက်များအတွင်း ဆောင်ရွက်နေမှု ရှိ/မရှိ၊ သတ်မှတ်ထားသော အခွန်နှုန်းထားများပေးသွင်းစေရေးနှင့် အခွန်(၄) လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်စေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက် ခြောက်လတာကာလအတွင်း ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များဖြစ်သည့် (အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ်) လုပ်ငန်း လိုင်စင်ပေါင်း (၃၈)ခု လျှောက်ထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)