ဘားအံ စက်တင်ဘာ ၁၄
ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်ရက်ကြာကျင်းပခဲ့သော (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်အဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာအသက်၁၀နှစ်မှ ၁၅ နှစ်ထိ အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်ထိ အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ ခေတ်ဟောင်းတေး/ကာလပေါ် အခြေခံ ပညာ ၁၀ နှစ်မှ ၁၅ နှစ်ထိ အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ ၁၅ နှစ်မှ ၂၀ နှစ်ထိ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ မဟာဂီတအခြေခံပညာ ၁၀ နှစ်မှ ၁၅ နှစ်ထိ အမျိုးသား၊အမျိုးသမီးအဆို ပြိုင်ပွဲ၊ ၁၅ နှစ်မှ ၂၀ နှစ်ထိ အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ မဟာဂီတအဆင့်မြင့်ပညာအဆင့် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲ၊ အခြေခံပညာ ၁၅ နှစ်မှ ၂၀ နှစ်ထိ အမျိုးသား အရေးပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒိုင်အဖွဲ့နှင့်အတီး ပံ့ပိုးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိကြသူများက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)