မြဝတီ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလား မိုးရာသီအသက်(၁၈)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈း၀၀)နာရီတွင် မြဝတီမြို့ အားကစားပြိုင်ပွဲကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲကိုကျင်းပရာ အ.ထ.က၁ (မြဝတီ) ဘောလုံးအသင်းနှင့် အလက (အင်ကြင်းမြိုင်) ဘောလုံး အသင်းတို့က ကွင်းအတွင်းနေရာယူပြီး အသင်း (၂)သင်း၏ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြပုံ များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ကရင်ပြည်နယ်သာသနာ့ နုဂ္ဂဟအသင်း ဥက္ကဌ ဦးစောမုတ်သုန်၊ ခရိုင်စီမံအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လဝကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စီမံအဖွဲ့ဝင် (၂) ဗိုလ်မှူး ညီညီလွင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှု့အားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် အ.လ.က(အင်ကြင်းမြိုင်) ဘောလုံးအသင်းက အ.ထ.က၁ (မြဝတီ) ဘောလုံးအသင်းကို (၅) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် အမက မူလွန် (ရွှေကုက္ကိုလ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံး ခြင်းအင်အား တေးသီချင်း၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသားလေး တစ်ဦးက နှလုံးသားကို အလှဆင်ပါမယ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပြိုင်ပွဲ ဖြစ်မြောက် ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံး ဂိုးသမား အားကစားဆုများနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အားကစား သမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများကို ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်တို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုဆု များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ