မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်၌ အုတ်မြစ်ချ၊ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လောကချမ်းသာစေတီတော်မြတ်ကြီး အုတ်မြစ်ချ၊ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်ကြီးများ၊ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက လောကချမ်းသာစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် အုတ်မြစ်ချခြင်း၊ မင်္ဂလာပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အလယ်တောရကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ရှစ်ပါးသီလခံယူ၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ လှူဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ