ဘိုကလေး စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် Book Club အဖွဲ့ဝင် စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က နယ်စပ်ဒေသတိုင်းရင်းသား သင်တန်းသား/သူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှုူ၊ လူငယ်နှင့် ဝါသနာ၊ လူငယ်နှင့် အောင်မြင်မှု” စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော သင်တန်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းသို့ ဘိုကလေးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား/သူ လူငယ်မောင်မယ်များ တက်ရောက် ကြကြောင်း သိရသည်။
စကားဝိုင်းအပြီးတွင် အဆိုပါသင်တန်းကျောင်း၏ သင်တန်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် Book Club အဖွဲ့ဝင် စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တိုက်တွန်းမှုများနှင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတူယူစရာများအား လမ်းညွှန်ကာ အသိပညာပေးဟောပြောခဲ့ပြီး သင်တန်းသား/သူ လူငယ်များအား ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ချိတ်ဆွဲခင်းကျင်း ပြသခဲ့ကြကြောင်း သိရသည်။
သန်းဌေးအောင်