ကျိုက်လတ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မဲစာရင်းနှင့် လူဦးရေ စာရင်းများ မှန်ကန်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်မြို့မစခန်းမှူး ဒုရဲမှူး သီဟကျော်က ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရှိမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်