ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကွင်းလျားကျေးရွာမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၇) ဦးရှိပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် အိုးမကွာအိမ်မကွာ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကွင်းလျားကျေးရွာ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေရှည်တည်တံ့စေရေးအတွက်လည်း ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုပါကြောင်း၊ မိဘများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကွင်းလျားကျေးရွာမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ထီး၊ မိုးကာ၊ ကျောပိုးအိတ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြပြီး ဆရာ၊ ဆရာများနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်မာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွန်းဒေါင့်ကျေးရွာသို့ သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲစိုက်ပျိုးပြီးပါက ဆီထွက်သီးနှံပဲပုတ်ကိုလည်း စိုက်ပျိုးကြစေလိုကြောင်း၊ ပဲပုတ်စိုက်ပျိုးရန်လိုအပ်သည့် ရေရရှိရေး၊ မျိုးစေ့၊ နည်းပညာနှင့် သွင်းအားစုများရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တစ်နှစ်ပတ်လုံးစားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် တစ်သီးမှနှစ်သီးအထိ စိုက်ပျိုးသွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မူလတန်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘော့ပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ ဇိနာလင်္ကာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျောက်ထားခဲ့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးဝါးများ လှုဒါန်းခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ “ပြည်ပသို့ပေါ်ဆန်းဆန်များ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် အနံ့အရသာနှင့် ပြည့်စုံသည့် ပေါ်ဆန်းဆန်ရရှိရေး စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ မကျည်းလဟာကျေးရွာအတွင်း လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခုကဲ့သို့ပြည်သူများဖြင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် အိုးမကွာ အိမ်မကွာ ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း မိမိတို့၏ တပည့်သားသမီးများကို ထူးချွန်ထက်မြက်သူများဖြစ်အောင် သင်ကြားပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း” မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ထီး၊ မိုးကာ၊ ကျောပိုးအိပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းစံကွင်းကျေးရွာ၊ ဓါတုကင်းလွတ်ပေါ်ဆန်းနှင့် ရေဆင်းပေါ်ဆန်း ၁/၂ စိုက်ပျိုးမှုများကို ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရန်မှာကြားခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)