တောင်တွင်းကြီးမြို့နယ်ရှိ ဒွန်းစက်သုံးဆီအရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းအား Fire Safety Certificate (FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးဆောင်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အင်ဂျင်နီယာများ၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်တွင် အသစ်ဖွင့်လှစ်လျက်ရှိသည့် ဒွန်းစက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းအား Frie Safety Certificate ( FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) ဆောင်ရွက်ပေးနိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာန ချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိ / မရှိ၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့် အချက်များ၊ လောင်စာဆီနှင့်ဂတ်စ်များ အသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရေလှောင်ကန် ကြိုတင်ပြင်ဆင်ထားရှိစေရေး၊ မီးဘေးလုံခြုံရေးကိရိယာများ ကြုံခိုင်မှု ရှိ / မရှိ စစ်ဆေးခြင်း၊ ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုတက်စေရေး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

နောင်နောင်