တောင်တွင်းကြီး စက်တင်ဘာ ၁၄
ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို စက်တင် ဘာ ၁၂ ရက်နေ့က မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (community centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှု အန္တရာယ်မှကာကွယ်နိုင်ရန် သတိပြုရမည့်အချက်များ၊ လူကုန်ကူးရာတွင် အသုံးပြုသည့် နည်းလမ်းများနှင့်ဖြစ်စဉ်များ၊ လူကုန်ကူးပါကကျခံရမည့် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများအကြောင်း၊ ပြည်ပသို့သွားရောက်အလုပ်လုပ်ရာတွင် တရားမဝင်သွားရောက်ခြင်း၏ဆိုးကျိုးများ၊ တရားဝင်သွားရောက်ခြင်း၏ ကောင်းကျိုးများနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း Grade-7 မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နောင်နောင်