မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရေနံချောင်း စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု၊ ကမ်းပြိုမှုကာကွယ်ရေး မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၉၉ ဒဿမ ၅) သန်းဖြင့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်း RC Beam အခြေပြုကျောက်စီမြေထိန်းတမံ အလျား (၅၀၀)ပေ နှစ်ဖက်တည်ဆောက်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄)မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ မြေထိန်းတမံ၏ကြံ့ခိုင်မှု၊ သတ်မှတ်အရည်အသွေးများနှင့် ပြည့်မီခြင်းရှိ/မရှိတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)