ကသာ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကသာမြို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် စိန်းလမ်းစိုပြေစေရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်ပါဝင်သည့် ကျောင်းအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းစဉ်များ၊ ကျောင်းသား/ကျောင်းသူများပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းများ၊ ရေနှင့်စွမ်းအင်ချွေတာသော အလေ့အကျင့်ကောင်းများ၊ စည်းကမ်းချက်များ၊ ကျောင်းမြေနေရာရရှိမှုအပေါ်မူတည်ပြီး အမျိုးအစားစုံလင်သောအပင်များဖြင့် စိမ်းလန်းစိုပြည်သော ကျောင်းပတ်ဝန်းကျင်နှင့် နှစ်ရှည်၊ နှစ်တိုသီးပင်စားပင်၊ ပရဆေးပင်၊ ပန်းပင်၊ ရာသီပေါ်သီးနှံပင်များ၊ စွန့်ပစ်အမှိုက်များအား၊ အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်မှုအခြေအနေများ၊ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို ဒေသတွင်းရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကိုလည်း ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)