ထန်ပါခွေ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် (၁၁)နာရီအချိန်က အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များအား ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဘီ)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေးတို့အား ကလေးသူငယ်စုစုပေါင်း (၂၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နိုင်ငံ၏လူသားအရင်းအမြစ် သားကောင်းသမီးရတနာများဖြစ်ကြသော ကလေးသူငယ်မွေးကင်းစမှ ကျန်းမာသန်စွမ်းကာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မိမိတို့ကျန်းမာရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပျက် ကာကွယ်ဆေးများ လအလိုက်ထိုးနှံပေးလျက်ရှိကြောင်း ထန်ပါခွေမြို့ ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ဖွန်ဖိုင်းသေး (Midwife) ထံမှ သိရသည်။
အလန်(ထန်ပါခွေ)