ကန့်ဘလူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ကန့်ဘလူ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဆိုင်းဘုတ်ကို စက်တင်ဘာ (၁၂)ရက်နေ့ ညနေ (၄)နာရီက ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့တော်ခန်းမအနီး ဗိုလ်ချုပ်လမ်းအနောက်ဘက် ရွှေယက္ခကန် အရှေ့တောင်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။

အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်မှုများတွင် ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)