ကန့်ဘလူ စက်တင်ဘာ ၁၃
၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ (၁၂)ရက်နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ယင်းဆောင်ပုဒ်၏ ရည်ရွယ်ချက်များ၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်များနှင့် ထိခိုက်မှုများ၊ အိုဇုန်းလွှာပျက်စီးခြင်း ကာကွယ်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများပါဝင်ပြီး ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)