ဖျာပုံ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီက ဖျာပုံပြည်သူ့ဆေးရုံကြီးဝင်း၊ သံဃာဆေးရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းရာတွင် ဖျာပုံခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) တို့မှ(အရာရှိ/အခြားအဆင့်)တပ်ဖွဲ့ဝင်များ စုပေါင်းပါဝင် သွေးလှူးဒါန်းကြပြီး ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦး၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦး၊ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးစိန်လွင်အောင်နှင့် အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ) မှ ဒုရဲအုပ်ဝိုင်းအောင်ချစ်တို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် သွေးလှူဒါန်းကြသူများအား ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦးနှင့်တာဝန်ရှိသူများမှ ဖြည့်စွက်စာ ကြက်ဥနှင့် အားဖြည့်အချိုရည်များ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)