ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

သန်လျင် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော stay at home မြို့နယ်များတွင် မပါဝင်သော်လည်း  ကျွန်းနေပြည်သူ များ ပေါ့ဆမှုမရှိစေရန်  ကိုကိုးကျွန်းမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေ ရေးအတွက် ပြည်သူများအား ယမန်နေ့က နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ရန်၊ အပြင်မှ ပြန်လာပါက လက်ဆေးရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ပြောဆို ဆက်ဆံရန်  မိမိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်မာရေးဌာန သို့ သွား၍ ဆေးကုသမှုခံယူကြရန်၊ မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်း ပြည်သူများသို့ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပြည်သူများမှလည်း ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြား ချက်များကို သေချာစွာ လိုက်နာကြရန်လည်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)