မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ဆက်လက်ရောင်းချ

မအူပင် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့လည်ကျောင်းတိုက် တန်ဆောင်းတော်ကြီး၌ သက်သာသောဈေးနှုန်းဖြင့်  ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

အဆိုပါရောင်းချမှုအား ခရိုင်၊ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များပူးပေါင်း၍ ကြက်ဥ(၁)လုံးလျင် (၃၀၀)ကျပ်နှုန်း၊ ဆန် (၁)ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီ (၁)ပိဿာလျှင် (၆၉၇၀)ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျှက်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)