ဘားအံ စက်တင်ဘာ ၁၂
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်း ရတနာများအား စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်း ကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းသည့် စစ်သည်ကောင်း တစ်ယောက်ဖြစ်လာရန် ကြိုးစားလိုက်နာလေ့ကျင့်ကြစေလိုကာ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်အားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)