ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ညောင်တုန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းအကြောင်းအရာများနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းရှိ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)