ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

ကန်ကြီးထောင့် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆက်လက်ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး စုစုပေါင်းကော်မတီ(၅)ဦးဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်းခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်ကလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)