မကွေးမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မကွေး စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အောင်မေတ္တာရပ်ကွက်(၃)လမ်းရှိ “စိတ်ကြိုက်” ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်လုပ်ငန်း၊ ကံသာကြီးကျေးရွာရှိ “အောင်” စက်သုံးဆီ အရောင်းဆိုင်တို့အား မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများအား မကွေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဦးစီး‌၍ မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးလုံခြုံအတွက် ဆောင်ရွက်ထားရှိသည့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအား ကောင်းမွန်စွာအသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် လက်တွေ့ကိုင်တွယ် အသုံးပြုတတ်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးသွားရန်နှင့် လိုက်နာဆောင်ရွက်ရမည် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)