အိမ်မဲ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်းကျေးရွာ အ-မ-က (ကျောက်ဝိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာပေဖတ်ရှုခြင်းအကျိုးကျေးဇူး၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများ အကြောင်းတို့ကို လည်းကောင်းအသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုပြသပေးခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းမှ ကျောင်းသား/သူများ ဆရာဆရာများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေး၊ လိမ်းဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)