ကလေးဝ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို ပန်းချီပြိုင်ပွဲကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ အမှတ်-၂ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရာဇာဝင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို ပန်းချီပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ကျောင်းသား ကျောင်းသူ ၃၀ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနား၌ ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)