အုတ်တွင်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးအကြံပေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုးအသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေ ပုံး၊ မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိ ပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိထံမှသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)