ဓနုဖြူမြို့နယ်၌မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ  စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အကျော်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမျိုးသား၊ အမျိုးသမီး(၅)တက်လှော် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောအသင်းများနှင့် အမျိုးသား(၃)တက်လှော် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ပြည်သူများ စုစုပေါင်း (၁၃ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)