ဓနုဖြူ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဥ်အား အ.ထ.က(အလမျိုး)အသင်းနှင့် အ.ထ.က(တော်ဝ)အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပထမဆုရရှိသော အ.ထ.က(အလမျိုး)ကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က တံခွန်စိုက်ဆုဖလား၊ ဆုငွေကျပ်ငါးသိန်းနှင့် လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က(တော်ဝ) ကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဟိန်းထက်ဇော်က ဆုငွေကျပ်သုံးသိန်းနှင့် လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုရရှိသော အ.ထ.က(စံကင်း) ကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်းက ဆုငွေကျပ်နှစ်သိန်းနှင့် လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးသည်။ ဆက်လက်ပြီး အရှေ့တန်းအကောင်းဆုံးကစားသမား၊ အလယ်တန်း အကောင်းဆုံးကစားသမား၊ အနောက်တန်း အကောင်းဆုံးကစားသမား၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် အကောင်းဆုံးဂိုးသမားဆုများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးအသင်း အုပ်ချုပ်သူနည်းပြများ၊ ဘောလုံးပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်ပြည်သူများ စုစုပေါင်း(၂၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)