ကသာ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ကသာမြို့ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်မ၌ ယမန်နေ့ညနေ(၃) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းဆင်းပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်စောကလျာက သင်တန်းဆင်းအမှာစကားပြောကြားကြပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်စီးမှူးကပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံယူခဲ့ကြောင်းနှင့် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ စုစုပေါင်း(၄၄)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ(၉.၉.၂၀၂၅)ရက်နေ့မှ (၁၁.၉.၂၀၂၅)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)