ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

ကသာ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်မှု ကသာခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၉)နာရီအချိန်က  သစ်တောဦးစီးဌာန‌ရှေ့ လမ်းတစ်‌လျှောက်နှင့် ဗိုလ်ချုပ်ကြေးရုပ်‌ရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ Plastic Campaign ပြုလုပ်ဆောင်လုပ်မှုတွင် မြို့နယ်ပညာရေးမှူးဦးဆောင်မှုဖြင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလင်း၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)