မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းဆောင်ရွက်

မြန်အောင် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယိုကလစ် ပြသခြင်းကို ယနေ့နေ့လယ်က ကျင်းပပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်ရန်နှင့် Facebook ၊ Viber ၊ Telegram စသည်တို့ကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ လိမ်လည်စည်းရုံး ခေါ်ဆောင်သည့် နည်းလမ်းများအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ပြီး  လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip (၂) ခုအား projector ဖြင့် ကျောင်းသား၊‌ ကျောင်းသူများအား ပြသခဲ့ကြောင်း သိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)