ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲ ကျင်းပ

ပိုင်ကျုံ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို စက်တင်ဘာ၁၁ ရက်နေ့ မွန်းလွဲိုင်းတွင် ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ကမာခိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူတို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်ဖြင့် မဲပေးပုံ/မဲပေးနည်းစနစ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင်တက်ရောက်လာသည့် ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုဆွေးနွေးပွဲတွင် သက်ဆိုင်ရာတာဝနရှိသူများနှင့် ကမာခိုးကျေးရွာရှိ ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်

နော်ခူး (ပြန်/ဆက်)