မြို့သစ်မြို့နယ်၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲ ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆိုင်ရာအကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ၊ ယခုကာလတွင် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန်အချက်များသိရှိစေရန် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ ပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)