ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်းများရှိ အသက်၁၅နှစ်အောက် သာမဏေ၊ သီလရှင်များအား (SIA) ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပခုက္ကူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်းများရှိ အသက် ၁၅ နှစ်အောက် သာမဏေ၊သီလရှင်များအား မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက်၌ Special Immunization Activity (SIA)  ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက်၊ တိလောကရာမကျောင်းတိုက်၊ မင်္ဂလာရုပ်စုံကျောင်းတိုက်၊ ကိန္နရာ တောင်ကျောင်းတိုက်နှင့် သီတာဧသီလရှင်ကျောင်းတို့ထံ ကွင်းဆင်း၍ အသက်(၁၅)နှစ်အောက် သာမဏေနှင့်သီလရှင် စုစုပေါင်း (၇၁၄) ပါးအား Special Immunization Activity (SIA)  ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း၊ ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများထံကိုလည်း  ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)