ဘိုကလေး စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။
စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီး၊ ဘိုကလေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က ကျောင်းသား/သူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှုူ၊ လူငယ်နှင့်အတွေးအခေါ်၊ လူငယ်နှင့်အောင်မြင်မှု” စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းအပြီးတွင် အဆိုပါသင်တန်းကျောင်း၏ သင်တန်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတူယူစရာများအား လမ်းညွှန်ကာ အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သင်တန်းသား/သူ လူငယ်များအား ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ချိတ်ဆွဲခင်းကျင်း ပြသခဲ့ကြကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)