ဖြူး စက်တင်ဘာ ၁၁
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အ-ထ-က(၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကွမ်း၊ ဆေးလိပ်ကအစ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် Online ငွေကြေးလိမ်လည်မှုအကြောင်း အသိပညာပေးဟောပြောခြင်းကို စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၈)နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့မရဲစခန်းမှ ဒုတိယရဲမှူးအောင်လင်းက မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း၊ ဒုတိယရဲအုပ်ကျော်ကျော်လှိုင်က Online ငွေကြေးလိမ်လည်မှုဖြစ်စဥ်များအကြောင်းကို အသိပညာပေးဟောပြောကြသည်။
ဆက်လက်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေး Video Clipနှင့် ငွေကြေးလိမ်လည်မှုကို ပြန်လည်တုံ့ပြန်သည့် Video Clip များကို ဆင့်ပွားအသိပညာပေးအစီအစဥ်တစ်ရပ်အနေဖြင့် ပြသရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)