ငပုတောမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုပြသ

ငပုဝောာ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုပြသခြင်းကို ယမန်နေ့ကမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထား‌ဦးက ဆက်သွယ်ရေးဥပဒေဆိုင်ရာအမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များ၊ အွန်လိုင်းလိမ်လည်မှု ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ လန်ချန်-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ကျောင်း သား/သူများအားပရိုဂျက်တာဖြင့် ပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်လာမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)