ရေကြည်မြို့နယ် (အ.ထ.က) မြို့မကျောင်းခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲဆောင်ရွက်

ရေကြည် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဥက္ကာကျော်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာအချက်လက်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရေကြည်မြို့မရဲစခန်းမှူး ဒုရဲမှူး နေထွန်းက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သင်းသင်းဆွေနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်တို့က Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ လိင်ပိုင်းဆိုင်ရာလိမ်လည်မှုများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် အသိပညာပေးဗီဒီယိုကလစ်(၂)ခုအား ကျောင်းသား၊ ကျောင်းသူများအား ပြသပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)