အင်္ဂပူမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသ

အင်္ဂပူ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အ-ထ-က (အင်္ဂပူ)ကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဘုန်းကျော်ဦးက အမှာစကားပြောကြားခဲ့ပြီး အင်္ဂပူမြို့ မြို့မစခန်းမှူး ဒုရဲမှူး ညီဝင်းကျော်မှ ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍လိမ်လည်မှု  ဖြစ်စဥ်များအကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာကာဟိန်းထက်မှ လူကုန်ကူးမှုအကြောင်း၊ မြိုနယ်ပြန်ကြား‌ရေးနှင့်ပြည့်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒုဦးစီးဒေါ်ဇင်မာဝင်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား)အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နန့်နွယ်နှင်းမိုးက ၊အွန်လိုင်းလိမ်လည်မှုများ အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန  (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး Video Clip အား ပြသပေးခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)