မင်းတုန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်အသုံးပြုစံပြကွက် မိုးစပါးစိုက်ခင်း ပေါင်းထိုးသမန်းနှိုး ကွင်းသရုပ်ပြပွဲ ကျင်းပ

မင်းတုန်း စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇) တောင်သူ ဦးလှထွေး၏ လက်ဆွဲကောက်စိုက်စက်အသုံးပြုစံပြကွက် မိုးစပါးစိုက်ခင်းတွင် ယနေ့နံနက် (၈)နာရီက ပေါင်းထိုးသမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဦးကျော်သန်းစိန်နှင့် ကွင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တံတားကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ သမန်းနှိုးပေါင်းထိုးကိရိယာ အသုံးပြုခြင်းဖြင့် ပေါင်းမြက်များ နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည်နစ်မြုပ်ထည့်သွင်းပေးခြင်းကြောင့် အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းပေးခြင်း၊ စပါးပင်အမြစ်များ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အပင်ပွားစည်းမှုများခြင်းကြောင့် သီးနှံအထွက်နှုန်း တိုးတက်လာနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ချင်းကလေး(NRDC)