စေတုတ္တရာ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်များအား “ကိုယ်ဝန်ဆောင်ကာလ အဟာရပြည့်ပြည့်ဝဝစားကြစို့”အသိပညာပေးဗီဒီယိုပြသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်များအားကလေးငယ်များ ကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန်အတွက် မိခင်များ ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားပြီး နို့တိုက်မိခင်ကာလတို့မှာ အာဟာရပြည့်ဝရန်လိုအပ်ကြောင်း၊ အာဟာရပြည့်ဝစွာရရှိစေရန်အတွက် အစားအစာအုပ်စုသုံးစုကို နေ့စဉ်မျှတစွာ စားသုံးနိုင်ရန်နှင့် မိမိတို့ဝင်ငွေနှင့်ကိုက်ညီသော အာဟာရပြည့်အစားအစာများကို ကျန်းမာရေးအသိဖြင့် စားသောက်ကြစေရန်ရည်ရွယ်၍ “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့”အသိပညာပေးဗီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျန်းမာရေးဌာနဝန်ထမ်းများက ကိုယ်ဝန်ဆောင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်အားဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)