အရာတော်မြို့၌ ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ငွေကျပ်သိန်း (၂၇၀) ကျော်ပေးအပ်

မုံရွာ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ လတ်တလောအကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေအောင်ဇော်က ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၄/၂၀၂၅)(၅/၂၀၂၅) (၆/၂၀၂၅) လများအတွက် တစ်ဦးကို တစ်လလျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သုံးလအတွက် ငွေကျပ်ခြောက်သောင်းကို စခန်းစုရပ် (၆) စုရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများ စုစုပေါင်း (၄၆၃) ဦးတို့အတွက် ငွေကျပ်နှစ်ရာခုနစ်ဆယ့်ခုနစ်သိန်းရှစ်သောင်းကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)