စလင်း စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြေမိကုန်းရပ်ကွက်နှင့် မြင်တင်ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း၊ အသိပညာပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က၊ ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များနှင့် ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဥပဒေသရာရှိ ဦးကျော်ဇေယျာလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ထွေးက၊ မြန်မာအီလက်ထရောနစ်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း၊ အသုံးပြုပုံ၊ အသုံးပြုနည်းများကို ရှင်းလင်းပြသပေးခဲ့သည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြင်တင်ရပ်ကွက်နှင့် မြေမိကုန်းရပ်ကွက်နေ ပြည်သူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း၊ အသိပညာပေးခြင်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိနှင့် ရုံးအဖွဲ့များက စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)