ကျွန်းလှ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က ဖူဆယ်အားကစား အဆင့်အတန်းမြင့်မားလာစေရန်၊ သက်တမ်းအလိုက်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုကြပြီး အားကစားအသင်းများအား တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အသက် (၁၄) နှစ်အောက် အမျိုးသား (၁၃) သင်း၊ အမျိုးသမီး (အလွတ်တန်း) (၁၁) သင်း စုစုပေါင်းပြိုင်ပွဲဝင် (၂၄)သင်း၊ အားကစားသမား ၂၈၈ ဦးဖြင့် စက်တင်ဘာ (၁၁) ရက်နေ့ကစတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)